ဝေါမြို့နယ်တွင်​ ကျောင်းသား၊ ကျောင်းသူများအား ရှေးဦးပြုစုခြင်း (အ​ခြေခံ) သင်တန်းဖွင့်ပွဲ ကျင်းပ

ဝေါ  မေ ၂

 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် Together Waw Volunteer Group တို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအား ရှေးဦးပြုစုခြင်း (အခြေခံ) ၂/၂၀၂၂သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဝေါမြို့၊ အခြေခံပညာ အထက်တန်း ကျောင်းရှိ သီရိဇေယျာခန်းမ၌ ကျင်းပသည်။           

 အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဝင်းမော်၊ အဖွဲ့ဝင် ဗိုလ်မှူးမျိုးဝင်း အောင်နှင့် အတွင်းရေးမှူး ရဲမှူးခင်မောင်ဆန်းတို့က ကျောင်းသား၊ ကျောင်းသူများ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး၊ သင်တန်းအား ဖွင့်လှစ်ပေးသည်။

 အဆိုပါသင်တန်းတွင် ကျောင်းသား/ကျောင်းသူ ၃၀ ဦးတက်ရောက်ပြီး၊ သင်တန်းကာလမှာ မေ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ(၇)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

စိုးမိုးအောင်