ကျိုက်ထို မေ ၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ဧပြီ(၃၀)ရက် နေ့လယ် (၁၂) နာရီ ချိန်မှစတင်ကာ ကျိုက်ထိုမြို့ရွှေဘုံသာ ဘုရား၀င်းရှိသာသနာ့ဗိမ္မာန်၌ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
စာမေးပွဲကျင်းပရာတွင် ဩဝါဒဆရာတော်များ ဖြစ်ကြသည့် ကျိုက်ထိုမြို့နယ်၊ သစ်ဆင် စာသင်တိုက်ဆရာတော် ဥူးအာစရ၊ မင်္ဂလာကျောင်းတိုက်ဆရာတော် ဥူးဉာဏိန္ဒ၊ သစ်ဆင်ကျောင်းတိုက်မှ ဥူးသံဝရ ဆရာတော်များမှကြီးကြပ်၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ သံဃာတော်များမှ ဓမ္မာစရိယစာမေးပွဲ၊ ပါရာဇိကကဏ္ဍပါဠိအဌငထ (ပ) ဘာသာရပ် အား ဖြေဆိုခဲ့ကြသည်။
ထိုသို့ ဖြေဆိုရာတွင် စာရင်သွင်း သံဃာ (၄၀) ပါး၊ ဖြေဆို (၃၂) ပါး၊ ပျက်ကွက် (၈) ပါးတို့ ဖြေဆိုခဲ့ပြီး အဆိုပါ ဓမ္မာစရိယစာမေးပွဲအား ဧပြီ ၃၀ ရက်မှ မေ ၉ ရက်ထိ ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
၀င်းမောင်(ကျိုက်ထို)