ချောက် မေ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က ကြိတ်စု(မြောက်) ကျေးရွာ၌ ကျင်းပ ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသက်နိုင်က ကျေးရွာနေပြည်သူများ၏ ဒေသအတွင်းအသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ပြီး သင်တန်းဆရာမဒေါ်ခြူးခြူးမှ အခြေခံစက်ချုပ် သင်တန်းတွင် မဝတ်ခေါင်းစွပ်အင်္ကျီ၊ မရင်စေ့၊ ရင်ဖုံး၊ မဂါဝန်၊ မထမီစကတ် တို့သင်ကြားပို့ချမည်ဖြစ်သည်။ သင်တန်းအား နေ့စဉ်နံနက် ၈နာရီမှ၁၁နာရီလည်း ကောင်း၊ နေ့လယ် ၁၂နာရီ မှ ညနေ၄နာရီအထိလည်း ကောင်း သင်ကြားပေးသွားမည်ဖြစ်ပြီး မေ ၂ရက်နေ့ မှ မေ ၃၁ရက် အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း၊ ကြိတ်စု(မြောက်)၊ ကြိတ်စု(တောင်)၊ ခပေါင်းတဲ(အရှေ့)၊ ခပေါင်းတဲ(အနောက်)ကျေးရွာ (၄)ရွာမှ စိတ်ပါဝင်စားသူ သင်တန်းသူ(၃၀) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ကျော်မိုး(ပြန်/ဆက်)