သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်( ၁၃)ရပ်ကွက်၌ နယ်လှည့် စာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်
May 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူ များ ဗဟုသုတရရှိစေရန် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုများ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများထံသို့ စာအုပ်စာစောင်များအား နယ်လှည့်ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။
အသက်တစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ပေး
May 02,2022
ကျိုက်မရောမြို့နယ်အတွင်းရှိ အသက်တစ်နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ကလိုင်းကနိုင်ကျေးရွာ ကျန်းမာရေးဆေးပေးခန်း၌ ဆောင်ရွက်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၌ မြို့တွင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 02,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့တွင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက် ၇ နာရီက ရပ်ကွက် များအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ် ဖြူးချောင်းယာယီရေ ပိတ်စီမံကိန်းဖြင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
May 02,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဖြူးချောင်းအားယာယီရေ ပိတ်စီမံကိန်းဖြင့် နွေစပါးတိုးချဲ့ စိုက်ပျိုးသွားနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက အုတ်ဖြတ်ကျေးရွာအုပ်စု၊ ရင်းတိုက်စိန်ကျေးရွာနှင့် ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာရှိ တောင်သူများအား မြို့နယ် အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့မှ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့တွင် ၂၀၂၂ ခုနှစ် ဓမ္မာစရိယစာမေးပွဲကျင်းပ
May 02,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ဧပြီ(၃၀)ရက် နေ့လယ် (၁၂) နာရီ ချိန်မှစတင်ကာ ကျိုက်ထိုမြို့ရွှေဘုံသာ ဘုရား၀င်းရှိသာသနာ့ဗိမ္မာန်၌ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်၌ အ​ခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်
May 02,2022
မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​ ချောက်မြို့နယ်၌ မြို့နယ်​ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်​ရေးဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သည့် အသက်​မွေးဝမ်း​ကျောင်း အ​ထောက်အကူပြု အ​ခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲကို ယ​နေ့နံနက် ၁၀နာရီအချိန်က ကြိတ်စု(​မြောက်) ကျေးရွာ၌ ကျင်းပ ခဲ့သည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်မြို့ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့်သွေးလှူဒါန်း
May 02,2022
၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့များက 
ဝေါမြို့နယ်တွင်​ ကျောင်းသား၊ ကျောင်းသူများအား ရှေးဦးပြုစုခြင်း (အ​ခြေခံ) သင်တန်းဖွင့်ပွဲ ကျင်းပ
May 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် Together Waw Volunteer Group တို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအား ရှေးဦးပြုစုခြင်း (အခြေခံ) ၂/၂၀၂၂သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဝေါမြို့၊ အခြေခံပညာ အထက်တန်း ကျောင်းရှိ သီရိဇေယျာခန်းမ၌ ကျင်းပသည်။