သတင်းများ

​​(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင် များ ရွှေဆံတော်ဘုရား၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်​
May 03,2022
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ​ရေးမြို့နယ် မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များသည် သမိုင်းဝင် ရွှေဆံတော် စေတီတော်၌ ယနေ့နံနက် (၈)နာရီက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ဟင်္သာတမြို့နယ်တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသော အားဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများဆောင်ရွက်
May 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာမြို့နယ်တွင် ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ နံနက်(၇)နာရီက ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးစိုးနောင် ဦးဆောင်၍ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ဟင်္သာတမြို့ ဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခဲ့ကြသည်။
မတ္တရာမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
May 03,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ဧပြီလ ၃၀ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးဆုံးရှုံးသွားသော ပြည်သူများနှင့် အသက်သေဆုံးသွားသည့် ကျန်ရစ်သူမိသားစုအတွက် မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသုံးပုံနှိပ် စာအုပ်များ စတင်ထုတ်ပေး
May 03,2022
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ်အတွက် အခြေခံပညာ အလယ်တန်း၊ မူလတန်းများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များကို ယနေ့နံနက် ၁၀ နာရီအချိန်မှ စတင်ကာ အ.ထ.က ကျိုက်မရော ကျောင်းခန်းမ၌ စတင်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁နှစ်အတွင်း ကလေးငယ်များ လစဉ် ပုံမှန် ကာကွယ်ဆေးထိုးခြင်းဆောင်ရွက်
May 03,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁ နှစ်အောက် ကလေးငယ်များ လစဉ်ပုံမှန် ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
ဟောင်ကောင် Food Expo 2022 သို့ မြန်မာနိုင်ငံ စားသောက်ကုန်လုပ်ငန်းများမှ ပါဝင်ပြသနိုင်
May 03,2022
ဟောင်ကောင်ကုန်သွယ်ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (HKTDC)မှ ကြီးမှူး၍ Hong Kong Convention and Exhibition Centre ၌ (၃၂) ကြိမ်မြောက် စားသောက်ကုန်ကုန်စည်ပြပွဲ ၂၀၂၂ ( Food Expo 2022) ကို ၂၀၂၂ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။
အင်းတော်မြို့ မြို့မပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်
May 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ မြို့မပရိယတ္တိ စာသင်တိုက်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ စေတီကြီးရင်ပြင်နှင့် လျှောက်လမ်းများအား သန့်ရှင်းသာယာလှပစေရေး အတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်က အင်းတော်မြို့ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် (၇၆) နှစ်မြောက်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ
May 03,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် (၇၆)  နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့  မွန်းလွဲပိုင်း ( ၁) နာရီက ပြင်ဦးလွင်မြို့ရှိ  အမှတ် ( ၁) တပ်မတော်စစ်ဆေးရုံ   ကုတင်( ၇၀၀) ၌ ကျင်းပပြုလုပ်ခဲ့သည်။