သတင်းများ

ပျဉ်းမနားမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော လူနေအိမ်(၅၃)လုံးအတွက် ထောက်ပံ့ငွေများပေးအပ်
Apr 28,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ဧပြီလ(၂၀)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သောရပ်ကွက်နှင့်ကျေးရွာ (၉)ရွာမှ  နေအိမ်အမိုးလန်မှုဖြစ်ပွားသည့် လူနေအိမ် (၅၃)လုံးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ထုတ်ချေးနိုင်ရန် ချေးငွေများ ပြန်လည်ကောက်ခံ
Apr 28,2022
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျိုက်ထိုမြို့နယ်ဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ကို ၂၀၂၂ ခုနှစ်မေလ (ပထမ) အပတ်မှစတင်ကာ ထုတ်ချေးပေးသွားမည် ဖြစ်သည့်အတွက် ၂၀၂၀ ခုနှစ် မိုးရာသီချေးငွေနှင့် ဆောင်းရာသီချေးငွေများကို ပြန်လည်ကောက်ခံလျက်ရှိကြောင်း သိရသည်။ ကိုဗစ် - ၁၉ ရောဂါကာလများ၌ ရပ်ကွက်ကျေးရွာ အုပ်စုများရှိတောင်သူများမှ ချေးယူထားသည့် ချေးငွေများသတ်မှတ်ကာလအတွင်း အချိန်မီပေးသွင်းနိုင်ရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ကျိုက်ထိုမြို့နယ် ဘဏ်ခွဲမန်နေဂျာ ဦးသန်းထွန်းနှင့် လယ်ယာမြေစီမံ ခန့်ခွဲမှု အဖွဲ့တွင် ပါဝင်သောဌာနများ၊ ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ စိုက်ပျိုးစရိတ် ချေးငွေများ၊ ရာခိုင်နှုန်းပြည့်မီအောင် ကောက်ခံလျက်ရှိကြပြီး စိုက်ဧက အမှန်စာရင်းကိုလည်း ကောက်ခံလျက်ရှိကြောင်း သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Apr 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်းBookClub အဖွဲ့ဝင်များ ဖြင့်စာရေးဆရာဆူးသစ် ရေးသားထားသော“ခွန်အားရှိသောစာ၊ ခွန်အားရှိသောလူငယ်” စာအုပ် ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။             
မင်းပြားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲ ကျင်းပ
Apr 28,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာန၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်းပြီး ရှေးဦးသူနာပြုစုနည်း သင်တန်း ဆင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အဆိုပါရုံးတွင် ကျင်းပခဲ့သည်။
နောင်ချိုမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်နှင့် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Apr 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်နှင့်အစိုးရ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့နယ်ရှိ ကျေးရွာပြည်သူ (၂၇၈) ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် ကျပ် (၁၅၆.၄) သန်း ထုတ်ချေးပေး
Apr 28,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးရွာ (၅) ရွာမှ ကျေးရွာပြည်သူ (၂၇၈) ဦးအား တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကျပ် (၁၅၆.၄) သန်းကို ကျေးရွာအရောက် ပြည်သူများအား ယမန်နေ့က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပန်ဆောင်မြို့၌ ကန်ဇင်းသီးစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Apr 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့သည် တောင်ပေါ်ဒေသ ဖြစ်ပြီး တစ်ပိုင်တစ်နိုင် ဉယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ အသက် မွေဝမ်းကျောင်းလုပ်ငန်းအရ သီးနှံများစွာရှိသည့်အနက် နှစ်ရှည်သီးနှံပင်ဖြစ်သည့် ကန်ဇင်းပင်များ ကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားပေး
Apr 28,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သာသနာ့မဥ္ဇူဓမ္မာရုံတွင် ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးလိမ္မာသင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၅.၄.၂၀၂၂ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။