ဟိုပုံးမြို့နယ်တွင်  မိုးသည်းထန်စွာရွာသွန်းပြီး လေးပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ်များ အမိုးလန်ပျက်စီးမှုများဖြစ်ပွား

ဟိုပုံး မေ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကုန်းကျိုင်းကျေးရွာအုပ်စု၊ တိဟေးကျေးရွာတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်၊ အမိုးသွပ်နှင့်မြှားတန်းများ ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကုန်ကျိုင်းကျေးရွာအုပ်စု၊ တိဟေးကျေးရွာတွင် အလျား (၃၀ ပေ) အနံ(၂၄ ပေ) သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်အိမ်၊ အလျား(၃၀ ပေ)၊ အနံ(၂၄ ပေ) သွပ်မိုး၊ အုတ်ကာ(၂)ထပ်အိမ်၊ အလျား(၁၈)ပေ၊ အနံ(၂၄ ပေ) သွပ်မိုး၊ ပျဉ်ကာ(၁)ထပ်အိမ်၊ အလျား(၂၅ပေ) အနံ(၂၄ပေ) သွပ်မိုး၊ အုတ်ကာ(၂)ထပ်အိမ်၊ အလျား(၃၀ပေ)အနံ(၂၄ပေ)သွပ်မိုး ထရံကာ(၂)ထပ်အိမ်၊ အလျား(၃၀ ပေ)၊ အနံ(၂၄ ပေ)သွပ်မိုး၊ ထရံကာ(၂)ထပ်အိမ်၊ အလျား(၁၈ ပေ)၊ အနံ(၂၄ ပေ) သွပ်မိုး၊ အုတ်ကာ(၂)ထပ်အိမ် စုစုပေါင်း လူနေအိမ်(၇)လုံးတို့၏ အမိုးသွပ်နှင့်မြှားတန်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် လေဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေမျိုးနေအိမ်များတွင် နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)