ကျိုက်မရော မေ ၂
ကျိုက်မရောမြို့နယ်အတွင်းရှိ အသက်တစ်နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ကလိုင်းကနိုင်ကျေးရွာ ကျန်းမာရေးဆေးပေးခန်း၌ ဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ရာတွင် အသက်တစ်နှစ်အောက် ကလေးငယ်များအား အသက်အရွယ်အလိုက် အသည်းရောင်၊ အသားဝါဘီ ပြင်းထန် အဆုပ်ရောင်ရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ စသည့်ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာများတွင်လည်း သက်အဆိုင်ရာ ကျေးလက်ကျန်းမာရေး ဆေးခန်းများတွင် နယ်မြေတာဝန်ခံ ဆရာမများက လစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
လစဉ်လဆန်းရက်များတွင် ကာကွယ်ဆေး မထိုးနှံရသေးသည် ကိုယ်ဝန်ဆောင်များအား ကာကွယ်ဆေးထိုးပေးခြင်းများအပြင် ကာလသားရောဂါပိုးနှင့် ခုခံအားကျဆင်းမှုရောဂါ (AIDS) ရောဂါပိုး ရှိ/မရှိ tast ဖြင့် စစ်ဆေးပေးခဲ့ပြီး ကာကွယ်ဆေး မထိုးနှံရသေးသည့် ကလေးငယ်များ ကိုလည်း အိမ်တိုင်ယာရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း ကလိုင်းကနိုင်ကျေးရွာ ကျန်းမာရေးဌာနခွဲမှ ဆရာမဒေါ်ပေါက်ပေါက်ထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)