သတင်းများ

ကျောက်ဆည်မြို့နယ်၌ (၇၆)နှစ်မြေက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
May 03,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ စုကြီးရပ်ကွက်အတွင်းရှိ သမိုင်းဝင်လေးမျက်နှာ စေတီ တော်မြတ်ကြီးတွင် ၂၀၂၂ ခုနှစ်မေလ (၅)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၉)နာရီက ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်စည်းကမ်းထိန်းသိမ်း ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဖြူဖြူကြည်နှင့် ကော်မတီဝင်များမှ စုပေါင်းသန့်ရှင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လျှပ်စစ်ဌာနတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်
May 03,2022
ပူပြင်း‌ခြောက်သွေ့သော နွေရာသီကာလတွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား
၂၀၂၂ ခုနှစ် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ မြစ်ကြီးနား၌ ကျင်းပ
May 03,2022
ကချင်ပြည်နယ် သာသနာရေးနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်   (ဒုတိယနေ့) စာမေးပွဲကို မေ ၂ ရက် မွန်းတည့် ၁၂ နာရီက မြစ်ကြီးနားမြို့ မင်းရပ် ရပ်ကွက် သာသနာဗိမ္မာန်တော်ကြီးတွင် ကျင်းပခဲ့သည်။
ကသာမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲ ပါရာဇိကဏ်(ဒုတိယနေ့)တွင် ရဟန်း၊ သာမဏေနှင့် သီလရှင်ပေါင်း(၁၁၂)ပါး ဖြေဆို
May 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ရှိ မြောက်ကျောင်းပရိယတ္တိစာသင်တိုက်တွင် ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ပါရာဇိကဏ် (ဒုတိယနေ့)ကို ယမန်နေ့၊ မွန်းတည့်(၁၂)နာရီအချိန်က ဆက်လက်ကျင်းပဖြေဆိုခဲ့သည်။
ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
May 03,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်း အရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်​တော် တန်ဆောင်းတွင်ယမန်နေ့နံနက် (၉:၀၀) နာရီမှ (၁၂:၃၀)နာရီ အချိန်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအ ကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆေးထိုးနှံရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေး(Astra Zeneca)​ဆေးထိုးနှံခြင်းအား ဒဂုံမြို့နယ်အတွင်းရှိ​​​ ဘုရားကြီးရပ်ကွက်နှင့် ဦးဝိစာရရပ်ကွက်တို့မှ အသက် (၁၈)နှစ်နှင့်အထက် ရပ်ကွက်နေ ပြည်သူ ကျား(၂၀)ဦး၊ မ (၂၀)ဦး လူဦးရေ စုစုပေါင်း (၄၀) ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကာကွယ်​​ဆေး ၁ လုံးလျှင် ၁၀ ဦးနှုန်းဖြင့်(၄၀) ဦးအတွက် ​ဆေးအလုံး​ရေ (၄)လုံးအားထိုးနှံ​ပေးခဲ့သည်။
ထီးချိုင့်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီနှင့်ဆောင်းရာသီတွင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် နေကြာသီးနှံဧက ၂၀၀၀၀ ခန့် စိုက်ပျိုးမည်
May 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခုနှစ် မိုးရာသီနှင့် ဆောင်းရာသီတွင် ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံဧက(၂၀၀၀၀)ခန့် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ ဆွမ်းဆက်ကပ်လှူဒါန်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 03,2022
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုက်ပြုသောအားဖြင့် ကော့သောင်းမြို့နယ် မီးသတ်စခန်းတွင် မေလ ၂ရက်နေ့ နံနက်ပိုင်းက  သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Communiy Centre) ခန်းမတွင် လူငယ်များကျန်းမာကြံ့ခိုင်စေရေး ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးထုတ်လွှင့်
May 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Communiy Centre) ခန်းမတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူး ထုတ်လွှင့်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။