မြောက်ဥက္ကလာပမြို့နယ်၌ မြို့တွင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြောက်ဥက္ကလာပ မေ ၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့တွင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက် ၇ နာရီက ရပ်ကွက် များအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာသို့ ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ မြို့တွင်း သန့်ရှင်းသာယာလှပရေးအတွက် အမှတ် ၁ ရပ်ကွက် သုဓမ္မာ လမ်းတစ်လျှောက် အမှိုက်လှည်းခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်း၊ ​ရေနှုတ်မြောင်း များအမှိုက်ပိတ်ဆို့မှုများအား ရှင်းလင်းဆယ်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ရာသို့ မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းကြီးကြပ်မှုဖြင့် စည်ပင်သာယာရေး ဝန်ထမ်းများ၊ ရေစည်းရေလာနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများ၊ ပန်းဥယာဉ်ဌာနမှ ဝန်ထမ်းများက ပူးပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှလှထွေး