​​(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင် များ ရွှေဆံတော်ဘုရား၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်​

 ​ရေး မေ ၃

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ​ရေးမြို့နယ် မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များသည် သမိုင်းဝင် ရွှေဆံတော် စေတီတော်၌ ယနေ့နံနက် (၈)နာရီက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

အဆိုပါ သမိုင်းဝင်ရွှေဆံတော်စေတီတော်ရင်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်းကို မြို့နယ် မီးသတ်စခန်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း (၃၀)ဦးတို့မှ ရေသယ်ယာဉ်(၁)စီး၊ မီးငြိမ်း သတ်ယာဉ်(၂)စီးတို့ဖြင့် ရေဂါလန် ၃၂၀၀ အသုံးပြုပြီး  ဘုရားရင်ပြင်တော်၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)