လမ်းမတော် မေ ၃
ဟောင်ကောင်ကုန်သွယ်ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (HKTDC)မှ ကြီးမှူး၍ Hong Kong Convention and Exhibition Centre ၌ (၃၂) ကြိမ်မြောက် စားသောက်ကုန်ကုန်စည်ပြပွဲ ၂၀၂၂ ( Food Expo 2022) ကို ၂၀၂၂ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။
Food Expo 2022 တွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများ စီးပွားရေး အခွင့်အလမ်းများ ရရှိစေရေး ကူညီပံ့ပိုးနိုင်ရန် HKTDC သည် အစီအစဉ်အသစ်အဖြစ် New Sourcing Normal” ဖြစ်သည့် New “Exhibition+ hybrid package ဖြင့် ကုန်ပစ္စည်းရောင်းချသူများနှင့် ဝယ်ယူသူများသည် Trade Hall ၌ ပြသထားသောပြခန်းနှင့် အွန်လိုင်းနှစ်မျိုးစလုံးမှ ဆက်သွယ်တွေ့ရှိနိုင်မည့် 3-in-1 Exhibition”+ hybrid package အစီအစဉ်ဖြင့် ပြသမည် ဖြစ်သည်။
ယခုပွဲတွင် အာဆီယံအစားအစာ “ASEAN Food’’ အား အဓိကထားပြသသွားမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ စားသောက်ကုန် လုပ်ငန်းများမှ ပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ Trade Hall ၌ ကျင်းပပြုလုပ် မည့် Food Expo 2022 ရှိ Standard Booth တစ်ခန်း ငှားရမ်းခနှုန်းထား ပြခန်းအကျယ် - (၉) စတုရန်းမီတာ ပြခန်းငှားရမ်းခမူရင်း ဈေးနှုန်း - အမေရိကန် ဒေါ်လာ (၄၃,၄၅) “Exhibition”+ Default Online Package (USS 420 per exhibitor) - အမေရိကန် ဒေါ်လာ (၄၂၀) C&E Subsidy - အမေရိကန် ဒေါ်လာ (၁,၂၈၂) C & E Subsidy ပံ့ပိုးပြီး ပြခန်းငှားရမ်းခ တန်ဖိုးစုစုပေါင်း - အမေရိကန် ဒေါ်လာ(၃,၄၈၃)နှင့် ထောင့်ကျသော အခန်းအတွက် အပိုငွေ(၅) ရာခိုင်နှုန်း ကောက်ခံခြင်း Food Expo 2022 တွင် ပါဝင်ပြသလိုသည့် ကုမ္ပဏီများအနေဖြင့် Application Link; https://www.hktdc.com/fairapplication/eoa/error/notAllowedApplyApplication. htm ကုန်သည်စက်မှုအသင်း ချုပ်(UMFCCI)တွင် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်