ဟင်္သာတမြို့နယ်တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသော အားဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများဆောင်ရွက်

ဟင်္သာတ မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာမြို့နယ်တွင် ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ နံနက်(၇)နာရီက ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးစိုးနောင် ဦးဆောင်၍ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ဟင်္သာတမြို့ ဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခဲ့ကြသည်။

ဟင်္သာတခရိုင် မီးသတ်တပ်ဖွဲ့ အနေဖြင့်အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခြင်းအပြင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးနောင်၏ ဦးဆောင်မှူဖြင့် (၇၆)နှစ်မြောက် မီးသတ် တပ်ဖွဲ့နေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက်ရှိ မြို့တော်ဝင် ဘုန်းကြီး ကျောင်းတွင်းရှိ သံဃာတော်များအား အာရုံဆွမ်းကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်နှင့် လှူဖွယ်ဝတ္တုများ ဆပ်ကပ် လှူဒါန်းခြင်းနှင့် ကျောင်းဝန်းကျောင်းပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဟင်္သာတခရိုင်တွင်းရှိ  သက်ကြီးအငြိမ်းစားမီးသတ်ဝန်းထမ်းများအား ပူဇော်ကန်တော့ပွဲ အခမ်းအနား ဆောင်ရွက်ခြင်း၊ ဟင်္သာတမြို့ ကနောင်စုရပ်ကွက် ဘိုးဘွားရိပ်ရှိ အဘိုးအဘွားများအား အဟာရဒါနအာရုံဆွမ်း လှူဒါန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ကိုယ်ပါဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်မီးသတ် စခန်းမှုးဦးသွင်ကိုကိုအောင် ထံမှ သိရသည်။

ကိုဇော်- ဟင်္သာတ