ဆိပ်ဖြူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁နှစ်အတွင်း ကလေးငယ်များ လစဉ် ပုံမှန် ကာကွယ်ဆေးထိုးခြင်းဆောင်ရွက်

ဆိပ်ဖြူ မေ ၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁ နှစ်အောက် ကလေးငယ်များ လစဉ်ပုံမှန် ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။

ဆိပ်ဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁နှစ် အောက် ကလေးငယ်များကို မေလ ၂ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်ရှိ  ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁နှစ် အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို  မေလ ၅ ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး မြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁နှစ်အောက် ကလေးငယ်များ မေလ ၆ ရက်နေ့မှ စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ်တွင် လစဉ်ပုံမှန် ကာကွယ်ဆေးထိုးရန် ကိုယ်ဝန်ဆောင်မိခင် (၁၂၆၈) ဦး၊ ၁ နှစ်အောက်ကလေးငယ် (၁၄၁၃) ဦး ရှိသည်။

အဆိုပါ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်အေး၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာကျော်ထူးမြတ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူ့ကျန်းမာရေးဌာနတွင် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူ များ ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထပ်ဆောင်း ထိုးနှံပေးနေမှုအခြေအနေများ၊ အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား‌ ပေါင်းစပ်ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။ 

စိုးလင်းနိုင်(IPRD)