ပြင်ဦးလွင် မေ ၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ မွန်းလွဲပိုင်း ( ၁) နာရီက ပြင်ဦးလွင်မြို့ရှိ အမှတ် ( ၁) တပ်မတော်စစ်ဆေးရုံ ကုတင်( ၇၀၀) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေး လှူဒါန်းပွဲတွင် ခရိုင်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်မီးသတဦးစီးဌာနမှ တပ်ဖွဲ့ဝင်များသည် ကျန်းမာရေး ဝန်ထမ်းများ၏ ဆေးစစ်ဆေးချက်များ သေချာစွာအစစ်ဆေးခံယူပြီး မွန်မြတ်သော စိတ်ဓါတ်ဖြင့် မိမိတို့၏ စင်ကြယ်သော သွေးများကို စေတနာအပြည့်ဖြင့် သွေးအလှူရှင် (၂၅) ဦးတို့ကပါဝင် လှူဒါန်းကြ သည်။
ဆက်လက်ပြီး (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူပွဲပြုလုပ်သည့်နေရာသို့ ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး အာဟာရဖြင့်စွက်အစားအစာများနှင့် အားဆေးများ ပြန်လည်ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)