ကျိုက်မရော မေ ၃
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ်အတွက် အခြေခံပညာ အလယ်တန်း၊ မူလတန်းများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များကို ယနေ့နံနက် ၁၀ နာရီအချိန်မှ စတင်ကာ အ.ထ.က ကျိုက်မရော ကျောင်းခန်းမ၌ စတင်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့အခြေခံပညာ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ် ဖတ်စာအုပ်များကို၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်များအတွက် အုပ်စုများခွဲကာ သတ်မှတ်ရက်များ အလိုက် စနစ်တကျ ထုတ်ဝေပေး သွားမည်ဖြစ်ပြီး အထက်တန်းကျောင်းသုံး ပုံနှိပ်စာအုပ်များကိုလည်း ကျောင်းဖွင့်ရက် မတိုင်မီ ဆက်လက် ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း(၁၄၁)ကျောင်းရှိပြီး အထက်တန်းကျောင်း (၈)ကျောင်း၊ အထကခွဲ(၁၁)အလကကျောင်း(၈)ကျောင်း၊ အလကခွဲ (၁၇)ကျောင်း၊ မူလွန်(၂၈)ကျောင်း၊ အမကကျောင်း(၆၉)ကျောင်းရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင် ထားရှိပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)