မုံရွာ မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်ရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ကို တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ မေလ ၂ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပို့ချလျက်ရာ သင်တန်းသို့ သက်ဆိုင်ရာဌာနများမှ သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ လာရောက်ပို့ချလျက်ရှိရာ မေလ၁၁ ရက်နေ့တွင် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက လာရောက်ပို့ချပေးခဲ့ ကြောင်းသိရှိရပါသည်။
"သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ(၂)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့တာဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက် ချီးမြှင့်ပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ကို လူသားတို့အနေဖြင့် စနစ်တကျဂရုစိုက် ထိန်းသိမ်း တတ်လာစေရန် ၊ သဘာဝ ဂေဟစနစ်နှင့် မိရိုးဖလာ လူနေမှုဘဝများ ယှဉ်တွဲတည်ရှိနေစေရန်၊ လူမူ စီးပွားရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်တတ်လာစေရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်တာ ဖြစ်ပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
အဆိုပါသင်တန်းသို့ မုံရွာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာဆက်စပ်ဌာနများမှ နည်းပြဆရာ၊ ဆရာများက လာရောက်ပို့ချလျက်ရှိပြီး သင်တန်းကာလမှာ မေလ ၂ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ တစ်လအကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် တာဝန်ထမ်းဆောင်ကြမည့် ဒုတိယဦးစီးမှူးနှင့် ဒုတိယလက်ထောက်ဦးစီးမှူး သင်တန်းသား ၄၀ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်