သတင်းများ

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်
May 12,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  မြို့နေပြည်သူများ မိမိတို့သိသည့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို  စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများဖလှယ်ပြီး အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ယမန်‌နေ့က လူထုအခြေပြုဗဟိုဌာန( Community  Centre)  ခန်းမ၌  ကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ
May 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သာသနမဉ္ဇူဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်လုံးချမ်းသာဂေါပကအဖွဲ့တို့မှ ကြီးမှူးကျင်းပသော ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအား ရာနှုန်းပြည့်ပြီးစီးရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေး
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသည့် ဒေသခံပြည်သူများကို ရာနှုန်းပြည့်ထိုးနှံနိုင်စေရေးအတွက်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
May 11,2022
နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုင်းကိုင်မြို့နယ်၌ Grade-5 သင်ရိုးသစ်ဆင့်ပွားသင်တန်း ဖွင့်လှစ်
May 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ Grade-5 သင်ရိုးသစ် အတန်းတက်ရောက်ရမည့် ကျောင်းသားကျောင်းသူများ နည်းစနစ်တကျ ပညာသင်ကြားနိုင်ရန်အတွက် တစ်နိုင်ငံလုံးအနေအထားဖြင့်  Grade-5 သင်ရိုးသစ်ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မိုင်းကိုင်မြို့နယ်တွင်လည်း  ယမန်နေ့နေ့လည်ကစ၍ အ.ထ.က (မြတ်သီရိခန်းမ)၌ ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့သည်။
ပင်လောင်းမြို့နယ်တွင် အသက်(၁၉)နှစ်အောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားပြု  ဘောလုံးအသင်းအတွက်  ပဏာမကစားသမားများရွေးချယ်
May 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသက်(၁၉) နှစ်အောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားပြုဘောလုံးအသင်းအတွက် ပဏာမကစားသမား လူရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 11,2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)ကို ယနေ့နံနက် (၁၁:၀၀) နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ၅၁ လမ်းမဟာနဝရတ်ကွန်တိုရှိ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီရုံးခန်း၌ ကျင်းပသည်။
ရပ်စောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များငှားရမ်းပေး
May 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများစာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်အတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက‌ ဆောင်ရွက်ခဲ့သည်။