မိုင်းရယ်မြို့နယ်၌ အခြေခံပညာ သင်ရိုးသစ် (Grade-5) သင်တန်းဖွင့်လှစ်ပို့ချ

မိုင်းရယ် မေ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်‌မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မိုင်းရယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းမစတင်မီ သင်တန်းအလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရာ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က သင်တန်းနှင့်ပတ်သက်သည့် သင်ရိုးနှင့်စည်းကမ်းများကို ဆွေးနွေးပြောကြားခဲ့ကြသည်။

မိုင်းရယ်မြို့နယ်တွင် သင်ရိုးသစ် (Grade-5)သင်တန်းကို  နည်းပြ (၁၆)ဦး၊ သင်တန်းကြီးကြပ် (၂)ဦးဖြင့် အနီးကပ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမ စုစုပေါင်း (၂၅၂)ဦး၊ ယနေ့တက်ရောက်သူ(၂၃၀)ဦးရှိကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် Generic Topics၊ ဘာသာရပ်ဖွဲ့စည်းပုံ၊ Video lesson (နံရံကပ် စာစောင်လုပ်ကြမယ်)၊ တွေ့ဆုံမေးမြန်းခြင်း၊ မိမိနှစ်သက်သော အစားအစာပြုလုပ်နည်းနှင့် ပလပ်စတစ်အိပ်ကလေးခရီးစဉ် အစရှိသည့်ခေါင်းစဉ်များဖြင့် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်ရိုးသစ် (Grade-5) သင်တန်းကို မေ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)