ထန်းတပင်(ပဲခူး) မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများ ရှိစေရေးနှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာငှားဝန်ဆောင်မှုပြုလုပ်ရခြင်းမှာ စာကြည့်တိုက်သို့ အလုပ်တာဝန်များ မအားမလပ်၍ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းရန် ခက်ခဲ့သူများအတွက် သုတ၊ ရသ စာအုပ်စောင်များဖတ်ရှု့ခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုကောင်းမွန်စေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနရုံးဝန်ထမ်းများထံသို့ သုတ၊ ရသ စာအုပ်များ ငှားရမ်းပေးခဲ့ပြီး အသင်းဝင်အသစ်များကိုလည်း စာငှားကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ (၁) လလျှင် (၄) ကြိမ်နှုန်းဖြင့် စာအုပ်စာစောင်များ လဲလှယ်၍ ငှားရမ်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)