မိုင်းတုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် Grade-5 မြို့နယ်အဆင့်(face to face) သင်တန်းပို့ချ

မိုင်းတုံ မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံကျောင်းရှိ စာသင်ခန်းများတွင် အခန်းခွဲ၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် Grade-5 မြို့နယ်အဆင့် (face to face) သင်တန်းပို့ချသင်ကြားပေးကြောင်း သိရသည်။

အဆိုပါသင်တန်းအား မိုင်းတုံမြို့နယ်အတွင်းရှိ မူလတန်းကျောင်း ဆရာ/ဆရာမ (၁၈၀) ဦးကို သင်တန်းဆရာ(၁၂) ဦးဖြင့် မေ ၁၀  ရက်နေ့မှ မေ ၁၃ ရက်နေ့ အထိ (၄) ရက်ကြာပို့ချ‌ပေးမည်ဖြစ်ပြီး သင်တန်းချိန် နံနက် ၉ နာရီမှ ၁၂ နာရီတစ်ကြိမ် နေ့ လည် ၁ နာရီမှညနေ၄  နာရီအထိ နေ့စဉ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း KG+12) စနစ်သစ်ပညာရေး ၂၀၂၂ ခုနှစ် (Grade-5) သင်တန်းမှ  မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူလေးများကို ကျွမ်းကျင်စွာ ပညာသင်ကြားပို့ချနိုင်ရေးအတွက် သင်တန်းဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ကာယဘာသာရပ်များကို  သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ဇံဝေထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)