မိုင်းရှူးမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 26,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက်(၉)နာရ အချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့မိမြို့ဖ ဦးခွန်လှိုင်က ယခင်နှစ်ထက် ကလေးများ ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူ မိဘများလည်း ပါဝင်ပူပေါင်းကြရန် တိုက်တွန်းနိုးဆော်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။