မူဆယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 03,2022
မြန်မာနိုင်ငံတစ်ဝန်လုံးရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေလ ၂၆ ရက်နေ့မှဇွန်လ ၁ရက်နေ့ထိ စတင်လက်ခံခဲ့ပြီး ဇွန်လ၂ရက်နေ့မှစ၍ အခြေခံပညာသင်ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ မူဆယ်မြို့နယ်ရှိ အခြေခံပညာသင်ကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။