လားရှိုးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းစတင်ဆောင်ရွက်

လားရှိုး မတ် ၂၆

“ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ လားရှိုးမြို့အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာနယ်မြေများအလိုက်၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများ စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် သက်ဆိုင်ရာအတန်းများအလိုက် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက ကျောင်းအပ်နှံခြင်း လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းအပ်နှံရာတွင် အိမ်ထောင်စုစာရင်းမိတ္တူ၊ ကျောင်းသားမိဘများ၏ မှတ်ပုံတင်မိတ္တူနှင့် ကျောင်းအပ်နှံမည့်ကျောင်းသား၏ မွေးစာရင်းလိုအပ်မည်ဖြစ်ပြီး ကျောင်းအပ်နှံသူများအား ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး