သတင်းများ

မြောက်ဦးမြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရန် ပျိုးပင်ပေါင်း နှစ် သောင်းငါးထောင်အား ပျိုးထောင်ဖြန့်ဝေပေး
May 26,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာ ယာလှပစေရန်၊ သစ်တောသစ်ပင်များပြုံးတီးမှုမှ ကာကွယ်နိုင်ရန်နှင့် ဒေသခံပြည်သူများအနေဖြင့် ပျိုးပင်များ အခမဲ့စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထားရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ
May 26,2022
မလှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်း (မလှိုင်) ဧရာဝတီခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းအပ်လက်ခံ
May 26,2022
လွိုင်လင်ခရိုင်၊ ခိုလမ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံ
May 26,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူဦးရေ မူလတန်း တွင် ၁၃၂၂၅ ဦး၊ အလယ်တန်းတွင် ၆၈၉၉ ဦး၊ အထက်တွင် ၁၉၃၄ ဦးဖြစ်၍ စုစုပေါင်း ၂၂၀၅၈ ဦးပညာ သင်ကြားလျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အေးအေးချမ်းချမ်းဖြင့် ကျောင်းများအပ်နှံပြီး ပညာသင်ကြားခွင့်ရကြသဖြင့် ကျောင်းသားမိဘများ ဝမ်းသာပီတိဖြစ်ကြကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာရုံးများတွင် စာအုပ်များငှားရမ်းပေး
May 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူ များနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်စာပေအလွယ်တကူဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုရှိစေရေး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များအခမဲ့ငှားရမ်းပေးလျက်ရှိသည့်အပြင် လုပ်ငန်းတာဝန်များကြောင့် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးများတွင်လည်း နယ်လှည့်မိုဘိုင်းစနစ်ဖြင့်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ခရိုင်သာသနာရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနသို့သွားရောက်ပြီး စာအုပ်များငှားရမ်းပေးခဲ့ကြောင်းသိရှိရသည်။
မိုင်းယုမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်အပ်နှံ
May 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယုမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့် ယနေ့က စတင်၍ မိုင်းယု-အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
နတ်​မောက်မြို့နယ်တွင် နွေစပါးများ အောင်မြင်ဖြစ်ထွန်း
May 26,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် နွေစပါး ၅၆၄ ဧက စိုက်ပျိုးပြီးစီး၍ စိုက်ပျိုးပြီးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင်  ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းပေး
May 26,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများတိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်တတ်လာစေရေး အတွေးအခေါ်အမျှော်အမြင်များ တိုးပွားရရှိလာစေရေးနှင့်စာအုပ်စာစောင်များအား နေ့စဉ်ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရေးအတွက်ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင် ရာရောက် သုတရသ စာအုပ်စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။