သတင်းများ

ပိုင်ကျုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်
May 26,2022
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့တွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်  ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယနေ့နံနက်မှ ဇွန်လ ၁ ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်စတင် လက်ခံ
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ ကျောင်းသူများအား တပြိုင်နက်ထဲ ကျောင်းအပ်စတင် လက်ခံ‌ပြီးဖြစ်ကြောင်း သိရသည်။
တောင်ငူ၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ၂၀၂၂/၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း ဆရာကွန်းခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
May 26,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့နယ် အခြေခံကျောင်းများတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများစတင်ဆောင်ရွက်
May 26,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံကျောင်းများဖြစ်သည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ်လက်ခံနေပြီး ဖြစ်ကြောင်း သိရပါသည်။
ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်
May 26,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သောအကြောင်းအရာများအား သိရှိလာနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျိုင်းတောင်း၌ အခြေခံပညာကျောင်းများတွင် ကျောင်သားမိဘများ အေးချမ်းစွာ ကျောင်းအပ်နှံ
May 26,2022
ကျောင်းအပ်ရာသီစတင်သောနေ့တွင် မြန်မာပြည်တစ်ဝန်းရှိကျောင်းများ ကျောင်းအပ်လက်ခံလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ အခြေခံပညာကျောင်းများတွင် ကျောင်သားမိဘများ အေးချမ်းစွာ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အ​ခြေခံပညာ ထက်၊ လယ်၊ မူ၊ ကျောင်းများ ​ကျောင်းအပ်နှံ​ရေး အခမ်းအနား ကျင်းပ
May 26,2022
“ကျောင်း​နေအရွယ်က​လေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ​ကျောင်းအပ်နှံကြပါဆို့” ​ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အ​ခြေခံပညာ ထက်၊ လယ်၊ မူ၊ ကိုယ်ပိုင်၊ ကျောင်းများ ​ကျောင်းအပ်နှံ​ရေး အခမ်းအနားအား ယ​နေ့ နံနက် (၉) နာရီအချိန်က ထန်းတပင်မြို့အ​ခြေခံပညာအထက်တန်း​ကျောင်း ပင်လုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။