မောက်မယ်မြို့နယ်၌ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံခြင်း လုပ်ငန်းများစတင်ဆောင်ရွက်

မောက်မယ် မေ ၂၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအားလုံးက ယနေ့နံနက်၉နာရီမှစ၍ လာအပ်သည့် ကျောင်းသား/ကျောင်းသူများအား စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

မောက်မယ်မြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်း ကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၄)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၁)ကျောင်း၊ မူလတန်းကျောင်း(၃၅)ကျောင်း၊ မူလတန်းကျောင်းခွဲ(၄)ကျောင်း စုစုပေါင်း (၅၇)ကျောင်းရှိရာ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် KG နှင့် Grade-1 မှ Grade-11 အထိ ကျောင်းသား/ကျောင်းသူများအား ကျောင်းသားမိဘများက အများအပြားလာရောက်အပ်နှံပြီး KG နှင့် Grade-1မှ Grade-5 အထိ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံ၊ Grade-6 မှ Grade-11 အထိ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံတို့ကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်ကာ မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ဆရာ/ဆရာမများထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)