ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်ဖြင့် Book Review ရေးဖြေပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်
May 26,2022
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှကြီးမှူး၍ ကျောင်းသားလူငယ်များ ကျောင်းစာအပြင် ပြင်ပဗဟုသုတများနှင့်ပြည့်စုံစေရန်၊ အင်္ဂလိပ်ဘာသာရပ်ကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး၊စာဖတ်ရှိန်မြှင့်မားရေးအတွက် (Thirty Burmese Tales-Book Review)ရေးဖြေပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။