မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ​ကျောင်းအပ်နှံ​ရေးနေ့အခမ်းအနား ကျင်းပ

မိုင်းနောင် မေ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး​နေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းက အဖွင့်အမှာစကားပြောကြား၍ မြို့မိမြို့ဖ ဦးစိုင်းအုန်းခေါင်က ကျောင်းသားကျောင်းသူများစာသင်ကျောင်းသို့ အချိန်မီ ရောက်ရှိအပ်နှံရေး၊ ဆရာ၊ မိဘ၊ ကျောင်းသား သုံးနားညီပူးပေါင်းကာ မိမိတို့၏ ကလေးပညာရေး ကဏ္ဍကို ပံ့ပိုးပေးစေခြင်းများကို အကြံပြုပေးပြီးကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် က​လေးများကျန်းမာ​ပျော်ရွှင်စွာ ပညာသင်ကြားနိုင်​ရေးစီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဆရာ၊ ဆရာမအခက်အခဲများ​ကို ဆွေးနွေးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ထို့​နောက် ပညာ​ရေးဝန်ကြီးဌာနမှ ​ကျောင်းသား၊​ ကျောင်းသူများအတွက် အခမဲ့ဖြန့်​ဝေ​ပေး​သော ​ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊​​ ဘောပင်နှင့် ခဲတံများအား မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်း၊ မြို့မိမြို့ဖ ဦးစိုင်းအုန်းခေါင်၊ မိဘဆရာအသင်းဥက္ကဋ္ဌ ဦးမိုးကျော်သူတို့က ပေးအပ်ကာ သက်ဆိုင်ရာဆရာ/ဆရာမများမှလက်ခံရယူပြီး ​ကျေးဇူးတင်စကားပြန်လည်​ပြောကြားခဲ့​​​သည်။

အခမ်းအနားသို့ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်​​​ရေးမှူးများ၊ ​ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်​ရောက်ခဲ့ကြ​ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)