ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ဟိုင်းကြီးကျွန်း မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ စာသင်ကျောင်းများတွင် မိဘများမှ ကျောင်းသားကျောင်းသူများအား ပျော်ရွင်တက်ကြွစွာဖြင့် ယနေ့နံနက် ၉ နာရီမှစတင်၍ လာရောက် ကျောင်းအပ်နှံနေကြကြောင်း သိရသည်။

ထိုသို့လာရောက် ကျောင်းအပ်နှံရာတွင် ဆရာ/ဆရာမများမှ မိဘများနှင့် ကျောင်းသား ကျောင်းသူများအား နွေးထွေးပြူငှာစွာ ဆက်ဆံကြပြီး နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကို ကျောင်းသူ/သားများ လက်ဝယ်သို့ အရောက်ပေးခဲ့ကြောင်းသိရသည်။ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို ၂၀၂၂ ခုနှစ်မေလ (၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)