သတင်းများ

ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံခြင်းများ စတင်ဆောင်ရွက်
May 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၉နာရီမှစ၍ စတင်လက်ခံလျက်ရှိကြောင်းသိရသည်။
ကျိုက်ဒုံမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများစတင်ဆောင်ရွက်
May 26,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (အ.ထ.က) ကျိုက်ဒုံကျောင်းတွင် ယနေ့၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်အထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေးနေ့အဖြစ် စတင်ကျောင်းအပ်လက်ခံလျက်ရှိကြောင်းသိရသည်။
ကရသူရိမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
May 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့တွင် မိုးဦးကျရာသီတွင် ဖြစ်ပွားတတ်သော တုပ်ကွေးရောဂါအား ကြို တင်ကာကွယ်တားဆီးရေးအတွက် ဖုံး/သွန်/လဲ/စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်၈နာရီက မြို့ပေါ်ရပ်ကွက်ရှိနေအိမ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပန်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 26,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံမြို့တွင် နွေရာသီအင်္ဂလိပ်စာ Grammar အခြေခံသင်တန်း (၁/၂၀၂၂)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
May 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် နွေရာသီအခြေခံအင်္ဂလိပ်စာ Grammar (၁/၂၀၂၂)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဆွေးနွေး
May 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက သဘာဝပတ်ဝန်းကျင်သာယာလှပပြီး စိမ်းလန်းစိုပြည်ရေး၊ ပလပ်စတစ်အမှိုက်များ စနစ်တကျစွန့်ပစ်စေရေးခေါင်းစဉ်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဘားအံမြို့နယ် မြသီရိ‌ရောင်းဝယ်ရေးသမဝါယမအသင်း အသင်းသားများနှင့်တွေ့ဆုံ
May 26,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့်က ဘားအံမြို့ မြသီရိရောင်းဝယ်ရေးသမဝါယမအသင်း(လီမိတက်) အသင်းသားများနှင့်တွေ့ဆုံ၍ ဆန်ရောင်းချနေမှုအားကြည့်ရှုခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
May 26,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။