မိတ္ထီလာ မေ ၂၆
မိတ္ထီလာမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ကျောင်းများဖွင့်လှစ်ပြီး သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်နှံခြင်းများလက်ခံပြီး ကျောင်းသားကျောင်းသူများအား သင်ရိုးညွန်းတန်းဖတ်စာအုပ်များနှင့် စာရေးကိရိယာများ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းများဖွင့်လှစ် ၍ ကျောင်းသားကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းများကို သက်ဆိုင်ရာကျောင်းများအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲ၊အလယ်တန်းကျောင်း၊ အလယ်တန်းကျောင်းခွဲ၊ မူလတန်းလွန်၊ မူလတန်းကျောင်း စုစုပေါင်းကျောင်း ၂၆၈ ကျောင်းတို့တွင် မေလ ၂၆ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသားကျောင်းသူများအား သင်ရိုးညွန်းတန်းဖတ်စာအုပ်နှင့် စာရေးကိရိယာများ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)