မိုင်းရှူးမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံ‌ရေးနေ့ ‌အခမ်းအနားကျင်းပ

မိုင်းရှူး မေ ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက်(၉)နာရ အချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့မိမြို့ဖ ဦးခွန်လှိုင်က ယခင်နှစ်ထက် ကလေးများ ရာနှုန်းပြည့် ‌ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းသား၊‌ ‌‌ကျောင်းသူ မိဘများလည်း ပါဝင်ပူပေါင်းကြရန် တိုက်တွန်း‌နိုး‌ဆော်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နီချစ်က ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ရဲတပ်ဖွဲ့အနေနဲ့ အတွင်းစည်း၊ အပြင်စည်းများ လုံခြုံ‌ရေး‌တာဝန်ယူသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းက ပညာ‌ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ပြောကြားခဲ့ပြီး  နိုင်ငံတော်မှ‌ထောက်ပံ့သည့်  ကျောင်းသုံးပုံနှိပ်စာအုပ်ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို သက်ဆိုင်ရာ ထက်၊ လယ်၊ မူ‌ ကျောင်းအုပ်များထံသို့ ပေးအပ်ခဲ့သည်။ ယင်း‌နောက် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ပညာရေးမှူးတို့က ကျောင်းအပ်နှံရာ နေရာများအား လိုက်လံကြည့်ရှုခဲ့သည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းလာရောက်အပ်နှံသည့်ကလေးများအား  KG မှGrade 11 ထိ စနစ်သစ်နှင့် စနစ်ဟောင်း ပုံနှိပ်စာအုပ်များကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)