Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရမ်းဗြဲမြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိုပြေလှပရေး မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပွဲ ကျင်းပ
Jun 12,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီဒီရေတောသစ်ပင်စိုက်ပွဲကို ယနေ့ နံနက်ပိုင်းက ရမ်းဗြဲမြို့နယ် ဝန်ဖိုက်ဒီရေတော၊ ဝန်ဖိုက်သစ်တောကြိုးဝိုင်း အကွက် အမှတ်(၁)နှင့် အကွက်အမှတ်(၄၃) တို့တွင် ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်
Jun 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ယနေ့ နံနက်(၈)နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် ကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်မှုဖြင့် ရပ်ကွက်နှင့်ကျေးရွာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ကန်သာယာအနောက်ဘက်ကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကန်သာယာကန် မြို့ရာပြည့်စေတီတော်ကျွန်း ကျောက်ထုတ်လောင်းခြင်း၊ နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်းများဆောင်ရွက်
Jun 12,2022
ပြည်သူများ အားလပ်အချိန်များတွင် စိတ်အေးချမ်းသာစွာဖြင့် လာရောက်အပန်းဖြေနိုင်စေရေး၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်နိုင်စေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေး၊ သဘာပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့ချနိုင်စေရန်အတွက် မုံရွာမြို့၊ ကန်သာယာအနောက်ဘက်ကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန်ရှင်းသာယာ လှပရေးလုပ်ငန်းခွင်သို့ ဇွန်လ (၁၁)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရေဝင်ဧရိယာလျော့နည်းလာသည့် ကန်သာယာအနောက်ဘက်ကန်အား အနက် - ၄ ပေ ထပ်မံတူးခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်နိုင်ရန်အတွက် ကန်သာယာပတ်လမ်းအား အကျယ်ပေ ၃၀ ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၃၆၆ ဦး ဆက်လက်ဝင်ရောက်
Jun 12,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် ၃၆၆ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းရေ အနည်းငယ် မြင့်တက်လာပြီး ကမ်းပါးရေတိုက်စားခြင်းနှင့် မြေနိမ့်ပိုင်းလူနေအိမ်များတွင် ရေများ၀င်ရောက်
Jun 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ဇွန်လ (၂) ရက်နေ့မှ ဇွန်လ (၁၂) ရက် နံနက်ပိုင်းအထိ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ကာမိုင်းမြို့အနီးရှိ အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းရေအနည်း ငယ်မြင့်တက်လာပြီး ပေ (၉၀၀) တံတားရှိ
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် ရပ်ကွက်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ
Jun 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် ရပ်ကွက်ပေါင်းစုံ ဖူဆယ်အမျိုးသား ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်တက္ကသိုလ် အမျိုးသားအားကစားရုံ၊
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ် မြို့စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၏ ကျောင်းနေသားသမီးများကိုကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Jun 12,2022
ကရင်ပြည်နယ် ကေ့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ စည်ပင်သာယာရေးရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၂-၂၀၂၃ခုနှစ်၊ ပညာသင်နှစ်အတွက် ပညာသင်ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့၌ ကုန်ပစ္စည်းများ တရားဝင်လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းရောင်းချမှု ရှိ / မရှိ ပူးပေါင်းစစ်ဆေး
Jun 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ တရားဝင် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းရောင်းချမှု ရှိ/ မရှိ ပူးပေါင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များ၊ မော်တော်ဆိုင်ကယ် အရောင်းဆိုင်များ၊ တယ်လီဖုန်း အရောင်းဆိုင်များနှင့် ယစ်မျိုးလိုင်စင်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17538
Page
17539
Page
17540
Page
17541
Current page
17542
Page
17543
Page
17544
Page
17545
Page
17546
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department