လှိုင် ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် ရပ်ကွက်ပေါင်းစုံ ဖူဆယ်အမျိုးသား ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်တက္ကသိုလ် အမျိုးသားအားကစားရုံ၊ ဖူဆယ်ဘောလုံးကွင်း၌ ယနေ့နံနက်ပိုင်း က ကျင်းပပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်၊ ဧည့်သည်တော်များနှင့် လှိုင်မြို့နယ်မှ ဘောလုံးဝါသနာရှင်များက လာရောက်ကြည့်ရှုအားပေးကြသည်။
အဆိုပါဗိုလ်လုပွဲစဉ်တွင် (၇) ရပ်ကွက်အသင်းနှင့် (၁၃) ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၁၃) ရပ်ကွက် အသင်းက (၇) ရပ်ကွက်အသင်းအား (၄) ဂိုး (၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပထမဆုရရှိသော (၁၃) ရပ်ကွက်အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဟန်၀င်းလတ်မှ ဆုငွေ (၁၀) သိန်းအားလည်းကောင်း၊ ဒုတိယဆုရရှိသော (၇) ရပ်ကွက်အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၁) ဗိုလ်မှူး သန်းမင်းအောင်မှ ဆုငွေ (၇) သိန်းနှင့် တတိယဆုရရှိသော (၅) ရပ်ကွက်အသင်းအား မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးသန်းဇော်ဦးမှ ဆုငွေ(၅)သိန်းတို့အား အသီးသီးပေးအပ်ချီး မြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ရဲအောင် (ပြန်/ဆက်)