ရမ်းဗြဲ ဇွန် ၁၂
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီဒီရေတောသစ်ပင်စိုက်ပွဲကို ယနေ့ နံနက်ပိုင်းက ရမ်းဗြဲမြို့နယ် ဝန်ဖိုက်ဒီရေတော၊ ဝန်ဖိုက်သစ်တောကြိုးဝိုင်း အကွက် အမှတ်(၁)နှင့် အကွက်အမှတ်(၄၃) တို့တွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ICM နယ်နိမိတ်အတွင်း ဒီရေတောပင်နှင့်အရိပ်ရပင်များစိုက်ပျိုးခြင်း စီမံချက်အရ ၂၀၂၂ ခုနှစ်၊ မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းထက်အောင်နှင့် ဝန်ထမ်းများ၊ လှိုင်ခေါင်ကျေးရွာနှင့် ရမ်းသစ်ကြီးအဝကျေးရွာမှ ဒီရေတောစိတ်ပါဝင်စားသူ ဒေသခံပြည်သူများ အင်အား(၄၀)ဦးခန့်က ဝန်ဗိုက်ကြိုးဝိုင်း၊ အကွက်အမှတ်(၁)တွင် ဗြူးခြေထောက်အဖို(၅၀၀)ပင်၊ ဗြူးခြေထောက် အမ (၅၀၀)ပင်နှင့် ဝန်ဗိုက်ကြိုးဝိုင်း၊ အကွက်အမှတ်(၄၃)တွင် မြိုင်ကြီး(၂၀၀)ပင် စုစုပေါင်း အပင် (၁၂၀၀)ပင်အား စိုက်ပျိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းထွန်းအောင်