သတင်းများ

ဒေးဒရဲမြို့နယ်၌ ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ အခက်အခဲများနှင့် လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်တာဝန်ရှိသူများက ကျေးရွာဒေသများသို့ ကွင်းဆင်း၍ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက မရမ်းအနောက်ကျေးရွာတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့တွင် ရေလုပ်သားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး သင်တန်းဖွင့်လှစ်
Jun 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ ရေလုပ်သားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးပိုစတာစိုက်ထူ
Jun 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတတိုးပွားဖို့ ဝိုင်းဝန်းထိန်းသိမ်းကြပါစို့ ဆောင်ပုဒ်ပါ အသိပညာပေးပိုစတာများကို ယနေ့နံနက်ပိုင်းက ကျွန်းဘောဓိ တံတားထိပ် မြေနုမြစ်ကျိူးအင်းဘေးတွင် စိုက်ထူခဲ့သည်။
သီပေါမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၂)ဆင်းပွဲကျင်းပ
Jun 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် လားရှိုးမြို့ International Committee of the Red Cross Myanmar (ICRC) အဖွဲ့တို့ ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၂)ဆင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ရွှေကျောင်းရိပ်သာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့ မူလတန်း(လွန်) ဘုရားချောင်း(ရပ်)ကျောင်း၌ ကျောင်းဆောင်သစ်ပန္နက်တင် အခမ်းအနားကျင်းပ
Jun 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မူလတန်း(လွန်) ဘုရားချောင်းကျောင်း၌  ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့န့နက်(၉:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 12,2022
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စု ကျေးရွာများရှိ ရဟန်းသံဃာတော်များ သီလရှင်များ သာသနာ့ဝန်ထမ်းများ သက်ကြီး ဘိုးဘွားများ နိုင်ငံ့ဝန်ထမ်းမျာ
ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံပေါ်ချိန်တွင် ဈေးကွက်မြင့်လာသောကြောင့် ပဲတီစိမ်းသီးနှံစိုက် တောင်သူများ အဆင်ပြေ
Jun 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံပေါ်ချိန်တွင် ဈေးကွက် မြင့်လာသောကြောင့် ပဲတီစိမ်းသီးနှံစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ဘူးသီးတောင်မြို့၌ ၂၀၂၂ - ၂၀၂၃ ခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် အကျိုးဆောင တောင်သူများအား မျိုးကောင်း၊ မျိုးသန့်၊ စပါးမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jun 12,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မိုးစပါးစိုက်ပျိုးရာသီတွင် အကျိုးဆောင်တောင်သူများ အား မျိုးကောင်း၊ မျိုးသန့်၊ စပါးမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။