သတင်းများ

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် (၅)ခရိုင် အမျိုးသားဘောလုံးပြိုင်ပွဲ ပထမဆုရ သရက်ခရိုင်အသင်း၏ တံခွန်စိုက်ဆုဖလားအပ်နှင်းပွဲကျင်းပ
Jun 13,2022
 မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် (၅)ခရိုင် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် သရက်ခရိုင်အသင်း၏ တံခွန်စိုက်ဆုဖလားအပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 
မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲပြုလုပ်
Jun 13,2022
မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံ ကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက်၊  အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာတွင် မန်ဂျန်ရှားပင် စုပေါင်း စိုက်ပျိုးခြင်းနှင့် ပျိုးပင်များ အခမဲ့ဖြန့်ဝေ
Jun 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ကျောက်ဖြူကျေးရွာတွင် ကျေးရွာသုံး ထင်းစိုက်ခင်း  စုပေါင်းစိုက်ပျိုးခြင်းနှင့် ပျိုးပင်များ အခမဲ့ဖြန့်ဝေခြင်း အခမ်းအနားကို မြို့နယ် သစ်တောဦးစီးဌာနက ဦးဆောင်မှု့ဖြင့် ယနေ့နံနက် ၈:၃၀ အချိန်က စုပေါင်း သစ်ပင်စိုက်ပျိုးခြင်းနှင့် ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ချောင်းသာ​မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Jun 12,2022
ချောင်းသာ​မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၂၀၂၂-၂၀၂၃)ပ ညာသင်နှစ်အတွက် ဝန်ထမ်းနှင့် ဝန်ထမ်းသားသမီးများအတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့
Jun 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ် အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများအား ရပ်ကွက်တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ရပ်ကွက် (၁၂) ရပ်ကွက်အတွင်းရှိ အဘိုး၊ အဘွားများထံ လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဆိတ်ချေးကုန်းကျေးရွာတွင် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်
Jun 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဘုရာကြီးကုန်းကျေးရွာအုပ်စု ဆိတ်ချေးကုန်းကျေးရွာ တောင်သူဒေါ်သန်းထွေး၏လယ်ကွင်း -၃၅ ခ၊ ဦးပိုင်၆၉/၆ တွင် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော(Test Force)စိစစ်ကြီးကြပ်ရေးအဖွဲ့၊ ပူးပေါင်းအဖွဲ့တို့ ဖြင့် ယစ်မျိုးလက်လီလက်ကားရောင်းချသောဆိုင်များနှင့် ဓါတ်မြေသြဇာရောင်းချသော ဆိုင်များ အား စစ်ဆေးခြင်းများ မြန်အောင်၌ဆောင်ရွက်
Jun 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော (Test Force) စိစစ်ကြီးကြပ်ရေးအဖွဲ့၊ ပူးပေါင်းအဖွဲ့တို့ဖြင့် ယစ်မျိုး လက်လီလက်ကားရောင်းချသောဆိုင်များနှင့် ဓါတ်မြေသြဇာရောင်းချသောဆိုင်များအား
ဥရုချောင်းအထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖားကန့်မြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်
Jun 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ဥရုချောင်းအထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ နံနက်က မြို့ပေါ်မြေနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လျက်ရှိကြောင်