သတင်းများ

ဗိုလ်တထောင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ​အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 13,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ အ​ရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သောကြောင့်
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး Agroecologicalစီမံကိန်းသီးနှံမျိုးစေ့များနှင့် နှစ်ရှည်ပျိုးပင်များထောက်ပံ့ပေးအပ်ပွဲသို့တက်ရောက်
Jun 13,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင်  ဦးမြင့်စိုးသည် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းထိန်၊ ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ ယ​နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ မဒေါ့ပင်ကျေးရွာ၊ မဒေါ့ပင် စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)၌ ချောင်းမငယ် ရေလှောင်တမံ ရေဝေရေလဲနှင့် ရေသောက်ဧရိယာများတွင် Agroecological စီမံကိန်းတွင် သီးနှံမျိုးစေ့များနှင့် နှစ်ရှည်ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ကဝမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ
Jun 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလွန်ကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့်
တောင်တွင်းကြီးမြို့နယ် ကုက္ကိုကုန်းကျေးရွာတွင် ယိုးဒယားအစေ့ထုတ်သခွားများ စတင်စမ်းသပ်စိုက်ပျိုး
Jun 13,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြိုနယ် ကုက္ကိုကုန်းကျေးရွာတွင် ကျောက်မိချောင်း ချောင်းရေကို အသုံးပြုကာ ယိုးဒယားအစေ့ထုတ်သခွားစိုက်ခင်းကို စမ်းသပ်စိုက်ပျိုးထားရှိကြောင်း သိရသည်။
ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကျိုင်းတုံမြို့ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များတွေ့ဆုံ
Jun 13,2022
ရှမ်းနယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ကျိုင်းတုံမြို့ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံပွဲကို ကျိုင်းတုံမြို့၊ စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ပန်းတနော်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်ပ
Jun 13,2022
ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၊ ဆိုင်းလေကျေးရွာသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေး ဟောပြောပွဲကွင်းဆင်းဆောင်ရွက်
Jun 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်ဖြတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများက ကျေးလက်နေပြည်သူများ စာပေအသိပညာများ တိုးပွားရေးအတွက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသရေးဝန်ဆောင်မှု လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဆိုင်လေကျေးရွာရှိ “စာပန်ဝေဝေ” စာကြည့်တိုက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jun 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ခြင်ပေါက်ပွားမှု လျော့နည်းစေရန် ရည်ရွယ်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများအား ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။