ချောင်းသာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်

ချောင်းသာ ဇွန် ၁၂

ဧရာဝတီတိုင်း​​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ယနေ့ နံနက်(၈)နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် ကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်မှုဖြင့် ရပ်ကွက်နှင့်​ကျေးရွာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်/ကလေးစောင့်ရှောက်ရေး အသင်းဝင်များက  ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်မှု ရှိ/မရှိစစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား အသိပညာပေးခြင်းတို့အပြင် မိမိတို့နေအိမ်နှင့်ခြံဝန်းများတွင် အပတ်စဉ်ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်သွားစေရေးတို့ တိုက်တွန်းနှိုးဆော် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ချောင်းသာမြို့ရှိ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးအုပ်စု(၁)စုတို့တွင် တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)