ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက် ခတ္တာလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Jun 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင်ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၆.၁၉၀) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခတ္တာလမ်းအား ကွန်ကရစ်ခင်း ခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇွန်လ ၁၃ ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။