ကော့ကရိတ် မြို့စည်ပင်သာယာ​ရေးအဖွဲ့ဝန်ထမ်းများ၏​ ကျောင်း​နေသားသမီးများကို​ကျောင်းသုံးပစ္စည်းများ​ ထောက်ပံ့​ပေးအပ်

ကော့ကရိတ် ဇွန်  ၁၂

ကရင်ပြည်နယ် ​ကေ့ကရိတ်ခရိုင်၊ ​​ကော့ကရိတ်မြို့နယ်၊ စည်ပင်သာယာ​ရေးရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၂-၂၀၂၃ခုနှစ်၊ ပညာသင်နှစ်အတွက် ပညာသင်ကျောင်းသုံးပစ္စည်းများ ​ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ​ ကော့ကရိတ်မြို့ စည်ပင်သာယာ​ရေးအဖွဲ့အမှု​ဆောင်အရာရှိ လက်​ထောက်ညွှန်ကြားရေးမှူး ဦး​စော​ရောဘတ်ထူးက စာသင်ကျောင်းများ ဖွင့်လှစ်ရာသီဖြစ်ပြီး နိုင်ငံတော်မှ အခမဲ့ကျောင်းပညာရေးစနစ်နှင့် ကျောင်းသုံးပစ္စည်းများ​ ထောက်ပံ့​ပေးလျက်ရှိပြီး ​​မိမိတို့ဌာနဝန်ထမ်းများ၏ သားသမီးများဖြစ်သည့် ကျောင်းသား/ကျောင်းသူများကိုလည်း ပညာ​ရေးတွင် တ​ထောင့်တစ်​နေရာ အ​ထောက်အကူဖြစ်​စေရန် ကျောင်းသုံးပစ္စည်းများ၊ စာရေးကိရိယာများကို အခမဲ့ထောက်ပံ့ပေးပါ​ကြောင်း မိဘများအနေဖြင့် မိမိတို့၏သားသမီးများကို ပညာသင်အရွယ်၌ ပညာ​ရေးဆုံးခန်းတိုင်​အောင်သင်ကြားနိုင်ရေး၊ ကျောင်းနေပျော်စေရေးတို့အား တွန်းအားပေးဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

ထို့နောက် ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ရာ အထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူ(၄)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား/ကျောင်းသူ(၄)ဦး၊ မူလတန်းအဆင့်​ ကျောင်းသား/ကျောင်းသူ(၂၆)ဦး စုစုပေါင်း(၃၄)ဦးတို့အား ထောက်ပံ့ပစ္စည်းတန်ဖိုးငွေကျပ်စုစု ပေါင်း(၅၁၀၀၀၀/-) ကျပ်ဖြစ်ပါ​ကြောင်းနှင့် ကျောင်းသုံးအ​ထောက်အကူပြုပစ္စည်းများကို ​​ကျောင်းသူ​ကျောင်းသားများထံသို့ တာဝန်ရှိသူများမှအသီးသီး ပေးအပ်ခဲ့​ကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)