ချောင်းဆုံမြို့နယ် ကမာကေးကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Jun 12,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူလူထုများအနေနှင့် သဘဝဘေးအန္တရာယ်များ၊ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ၊ ဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ကမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ကမာကေးကျေးရွာ မူကြိုကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။