သတင်းများ

မချမ်းဘော့မြို့၌ လယ်ယာမြေသို့ လယ်ရေရောက်ရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေး
Jun 12,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါးစိုက်ရာသီ လယ်ရေရရှိရေး လယ်ရေသောက်မြောင်းမကြီးပေါ်သို့ တောင်ကမ်းပါးယံပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ ‌နံနက် ၁၁နာရီ၌  မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်း၌ သဖန်းကိုင်းဆရာတော်မှ အနီးကပ်ကြီးကြပ်သင်ကြား
Jun 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်း ၅၁ ရက်နေ့အဖြစ် ဇွန်လ ၁၁ ရက်နေ့တွင် သဖန်းကိုင်းပရဟိတ ဆရာတော်၏ အနီးကပ်ကြီးကြပ်မှုဖြင့် သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမ၌ ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မချမ်းဘော့မြို့နယ် နန်ကတောက်ချောင်း ကိုယ်ထူကိုယ်ထကြိုး တံတားပြင်ဆင်ပြီးစီး
Jun 12,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ရှိ နန်ကတောက်ချောင်း ကြိုးတံတားပြင်ဆင်ပြီးစီးမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိသူများက ယမန်နေ့နံနက် ၁၀နာရီအချိန်၌ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးလျက်ရှိရာ (၁၄၈၈)ဧက စိုက်ပျိုးပြီးဖြစ်
Jun 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ (၁၄၈၈)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
မင်းဘူး (စကု) မြို့နယ် ကျောက်စံကျေးရွာ၌ စိုက်ပျိုးထားသော နွေးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း
Jun 12,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၊ ကျောက်စံကျေးရွာ၌ ဒေသခံ တောင်သူများနှင့် ဖူးပွင့်မျိုးစေ့ထုတ် သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းပြီး နွေးစပါးမျိုးစေ့ထုတ် စိုက်ခင်းဧက ၅၀ ကျော် စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ပုသိမ်မြို့၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အသိပညာပေးစကားဝိုင်းကျင်းပ
Jun 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် အသိပညာပေးစကားဝိုင်းအား ယနေ့ နံနက် ၈ နာရီအချိန်က ဧရာရွှေဝါခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ကြံခင်းမြို့နယ်  Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးTalk Showကျင်းပ
Jun 12,2022
ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   Community Centre ခန်းမတွင်  ယမန်နေ့နေ့လည်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Showကျင်းပခဲ့သည်။
ပေါက်တောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 12,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် ယနေ့နံနက်ပိုင်းက ဘဝမ်းချောင်းဝစုရပ်ကွက်သို့ သွားရောက်ပြီး