ညောင်တုန်း ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ တရားဝင် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းရောင်းချမှု ရှိ/ မရှိ ပူးပေါင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များ၊ မော်တော်ဆိုင်ကယ် အရောင်းဆိုင်များ၊ တယ်လီဖုန်း အရောင်းဆိုင်များနှင့် ယစ်မျိုးလိုင်စင်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲဝင်များ၊ မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် အမိုနီယမ်နိုက်ထရိတ်များအား ဓာတ်မြေဩဇာများနှင့် ရောနှော၍ တင်သွင်းသိုလှောင်ရောင်းချခြင်း ရှိ/ မရှိနှင့် မော်တော်ဆိုင်ကယ် အရောင်းဆိုင်များ၊ တယ်လီဖုန်းအရောင်းဆိုင်များနှင့် ယစ်မျိုးလိုင်စင်ဆိုင်များတွင် ရောင်းချသည့် ကုန်ပစ္စည်းများ တရားဝင်လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းရောင်းချမှု ရှိ/ မရှိ ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထင်ဝေဖြိုး(ပြန်/ဆက်)