သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Feb 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နေပြည်တော်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူထဲမှ ပြည်သူ့အင်အားကို ထိရောက်စွာအသုံးချပြီး သဘာဝဘေးရင်ဆိုင် တုံ့ပြန်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အတူ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် သဘာဝဘေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေကြုံတွေ့လာလျှင် ထိရောက်သည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနည်းလမ်းများ၊ အတွေ့အကြုံကောင်းများကို ပေါင်းစပ်ပြီး စနစ်တကျစီမံ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထန်းတပင်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ
Feb 08,2023
ကျောင်းသား၊​ကျောင်းသူက​လေးငယ်များအား လူကုန်ကူးခံရမှုနှင့်ပတ်သက်သည့် အ​ကြောင်းအရာများကို သိရှိ​စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အမျိုးသမီး​ရေးရာအဖွဲ့မှကြီးမှူးကာ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကို​ ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင် ကျင်းပသည်။
ကျောက်ဆည်မြို့၌ ကြက်သွန်နီ(၇၈၅၇)ဧက စိုက်ပျိုးနိုင်
Feb 08,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ကြက်သွန်နီ(၇၈၅၇)ဧက စိုက်ပျိုးနိုင်ပြီး ကြက်သွန်ဈေးနှုန်းကောင်းမွန်သဖြင့် ကြက်သွန်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ထက်လယ်မူအဆင့် စာစီစာကုံးပြိုင်ပွဲများပြုလုပ်ပြီး နံရံကပ်စာစောင်နှင့်သုတရသစာအုပ်များပြသ
Feb 08,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ထက်လယ်မူအဆင့် စာစီစာကုံးပြိုင်ပွဲများ၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်များပြပွဲကို  ယနေ့ နံနက် ၉  နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ပြုလုပ်ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ ကျင်းပ
Feb 08,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက်  ပြည်ထောင် စုနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ဒုတိယအကြိမ်လူငယ်စကားဝိုင်းကျင်းပ
Feb 08,2023
ကျောင်းသား/ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) တို့ပူးပေါင်း၍ ဖေဖော်ဝါရီ၈ရက်နံနက်ပိုင်းက ဒုတိယအကြိမ်လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပနိုင်ရေးအစည်းအဝေးကျင်းပ
Feb 08,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကဝမြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ
Feb 08,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။