ကဝ ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးကြသူများ၊ ပြည်ထောင်စုစိတ်ဓာတ် အဓိပ္ပါယ်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအား ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ နံရံကပ်စာစောင်ကိုပြသပြီး၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)