အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ဒုတိယအကြိမ်လူငယ်စကားဝိုင်းကျင်းပ

ကျောက်ဆည် ဖေဖော်ဝါရီ ၈

ကျောင်းသား/ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ်လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူက ကျောင်းသား၊ ကျောင်းသူများအား သင်ကြားမှုသင်ယူမှုများ စနစ်တကျဆောင်ရွက်ပေးလျက်ရှိရာ စိတ်ဓာတ်ခံယူချက်ကောင်းမွန်စွာ၊ ရှေ့နောက်ဟန်ချက်ညီစွာ၊ ညီညွှတ်မျှတစွာ ကြိုးစားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများ စာအုပ်၊စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး အမှားအမှန်ကို ကောင်းစွာဝေဖန်ပိုင်းခြားနိုင်ရန်၊ အပြောစွမ်းရည်များ ပိုမိုတိုးတက်စေရန်နှင့်စဉ်းစားတွေးခေါ်မှုမြင့်မားရေး၊ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ဦးဆောင်ပြီး လူငယ်စကားဝိုင်းဆက်လက်ပြုလုပ်ခဲ့ရာ 1G Civil မှ ကျောင်းသားမောင်အောင်ကျော်မြင့်က လူငယ်နှင့် Life Skill ၊ 2G EC မှ ကျောင်းသားမောင်ဟိန်းသူရိန်ဦးက လူငယ်နှင့်နည်းပညာ၊ 2G EP မှကျောင်းသား မောင်ထွဋ်မြတ်ဖုန်းက လူငယ်များ၏တန်ဖိုး၊1G Mechanical မှကျောင်းသူ မဂျူးငုံပွင့်က လူငယ်နှင့်စီးပွားရေး 1G ITမှ ကျောင်းသူ မမျိုးသိင်္ဂီကျော်က လူငယ်နှင့်ကျန်းမာရေး စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ရာ ကျောင်းသား ကျောင်းသူများက သိရှိလည်သည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး 2G ME မှ ကျောင်းသူ မစုဝေလျှံက ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရေးနှင့် ကျောင်းသား/ကျောင်းသူများ အပြောစွမ်းရည်တိုးတက်အောင် လူငယ်စကားဝိုင်းများပြုလုပ်ပေးသည့်အတွက် ကျေးဇူတင်စကား ပြန်လည် ပြောကြားခဲ့ပြီး စကားဝိုင်းသို့တက်ရောက် လာကြသည့်ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

သက်မောင်(ခရိုင်၊ပြန်/ဆက်)