သတင်းများ

တိုက်ကြီးမြို့နယ်တွင်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 08,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြိုင်ပွဲများပြုလုပ်
Feb 08,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြိုင်ပွဲများပြုလုပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘူးသီးတောင်မြို့ အမှတ်(၅)ရပ်ကွက်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Feb 08,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၅) ရပ်ကွက်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Feb 08,2023
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ဆုချီးမြင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
(၂၄) ကြိမ်မြောက် ရမ္မာဝတီသဒ္ဓမ္မပါလပရိယတ္တိစာမေးပွဲ ရမ်းဗြဲမြို့၌ ကျင်းပ
Feb 08,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ပရိယတ္တိသာသနာတော်အရှည်တည်တံ့ပြန့်ပွားစေရေးကို ရည်ရွယ်လျက် ရမ်းဗြဲမြို့နယ်အတွင်းရှိ ဆရာတော်ကြီးများမှကြီးမှူး၍ ရမ္မာဝတီသဒ္ဓမ္မပါလပရိယတ္တိစာမေးပွဲကို ၇-၂-၂၀၂၃ ရက်နေ့မှ စတင်ပြီး ကျင်းပလျက်ရှိရာ ရမ်းဗြဲမြို့နယ်အတွင်းရှိ ပရိယတ္တိစာင်တိုက်များမှ စာချဆရာတော်များ စာမေးပွဲဖြစ်မြောက်ရေး ဆရာတော်ကြီးများနှင့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများ ကြွရောက်တော်မူကြသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်း လမ်းစည်းကမ်း” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Feb 08,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့တွင် ‌ဒေသနေပြည်သူများနှင့်ကျောင်းသား/ ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်ပြီးသိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့ မွန်းလွဲ ၁ နာရီအချိန်က  ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲ ဆောင်ရွက်
Feb 08,2023
အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့်မမေ့အပ်သော နေ့ထူးနေ့မြတ်များအကြောင်းသိရှိ‌‌စေရန်နှင့် မှတ်သားအတုယူနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ ဓာတ်ပုံပြပွဲကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့သည်။
မအီမြို့ ခြေတော်ရာကျေးရွာတွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ(တတိယအကြိမ်) ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းနှင့် အသက် ၂ နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး      
Feb 08,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေး၊ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံစေရေးတို့ အတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါ  ထပ်ဆောင်း(Booster dose) ကာကွယ်ဆေးများနှင့် ကျေးရွာအုပ်စုများအတွင်း ရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီ