ရေစကြိုမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 08,2023
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်းကို မြို့နေပြည်သူ များသိရှိစေရန်နှင့် ကျောင်းသား/သူများ လေ့လာသိရှိနိုင်စေရန် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းသာယာဝပြောသောဘဝများတွင် စိတ်နှလုံးချမ်းမြေ့စွာ ရပ်တည်နေထိုင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးသည် မဖြစ်မနေဦးစားပေးဆောင်ရွက်ရမည့်အရေးကိစ္စဖြစ်ကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရေစကြိုမြို့၊ အ.ထ.က(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/သူများထံ အခမဲ့ဖြန့်ဝေပေးသည်။